Thursday, 8 September 2011

အားနည်းချက်မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်

မထိလေးစား စော်ကားစကား ပြောဆိုခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်း၊ ရိုင်းပြစွာနှင့် ခက်ထန် ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်း တို့အတွက် ကြင်နာခြင်း
     မည်သည့်အခါမှဝမ်းနည်းကြောင်း မပြောခြင်း(သို့) မရိုးမသားနှင့် ကလီကမာပြောခြင်း တို့အတွက် တောင်းပန်ခြင်း
     ဝေဖန်ခြင်း၊ စောဒကတက်ခြင်း တို့အတွက် မျက်မှောက်တွင် အလုပ်ဖြင့်သက်သေပြခြင်း
     ငြင်းခုံခြင်း၊ စကားဝိုင်းတွင် မရှိသူအကြောင်း မကောင်းပြောခြင်း တို့အတွက် သူတစ်ပါးအပေါ် သစ္စာ စောင့်ထိန်းခြင်း
     မည်သူ့ကိုမျှ ကတိမပေးခြင်းနှင့် ကတိပေးလင့်စကား ပျက်ကွက်ခြင်း တို့အတွက် ကတိပေး၍ ကတိတည်ခြင်း
     အလျင်အမြန် တုန့်ပြန်ရန်မူခြင်း၊ ရန်ငြိုးဖွဲခြင်း၊ တစ်ဖက်သား၏ အတိတ်အမှားကို ကိုင်ဆွဲ၍ အပြစ်ရှာခြင်းနှင့် နာကျည်းစိတ် မွေးမြူခြင်းအတွက် ခွင့်လွတ်ခြင်း
     အလေလိုက်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်း နှင့် အချိန်ဖြုန်းခြင်း တို့အတွက် အချိန်တိကျခြင်းနှင့် အချိန်ကို ဇယားဆွဲ၍ တန်ဖိုးရှိစွာအသုံးချခြင်း
     သူတစ်ပါးကို အဆိုးမြင်ခြင်း၊ ရန်လိုခြင်း တို့အတွက် မိတ်ဆွေဖွဲ့ခြင်း
    ရိုင်းပြခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စကားများခြင်း၊ လိုအပ်သည်ထက် ပိုမိုပြောဆိုခြင်း တို့အတွက် စကား မပြောခင် စဉ်းစားခြင်း
     တစ်ယောက်နှင့်တစ်ယောက် မယုံမကြည် သံသယဖြစ်ခြင်း၊ တစ်ဦးတည်းအထင်ဖြင့် ဆုံးဖြတ်ခြင်း တို့အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း
     သွေးနထင်ရောက်ခြင်း၊ အောက်ခြေလွတ်ခြင်း တို့အတွက် မိမိကိုယ်ကို နှိမ့်ချခြင်း


              အတွေးမှတ်စုများ          


    ခင်မင်မှုကို တန်ဖိုးထားပါသည်။ ချစ်ပါသည်၊ သို့သော် ခွဲခွာရမည်ကိုလည်း မကြောက်ပါ။

      အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ တွေ့တော့မှ အနက်နဲဆုံး အသိဥာဏ်ကို ရလိမ့်မည်။

        မထိန်းသိမ်းနိုင်သော ချို့ယွင်းချက်သည် လူတိုင်းတွင် ရှိသည်။ အဓိကမှာ ဒေါသဖြစ်သည်။ ဒေါသကို မထိန်းနိုင်သောကြောင့် ယခု လူအချို့ စိတ် ဆင်းရဲနေကြခြင်း ဖြစ်သည်။

          နှစ်ခါ မခံရအောင် ပထမ အကြိမ် ကတည်းက သင်ခန်းစာယူလိုက်ပါ။

            လောကတွင် မှန်ကင်း တစ်လှည့် ထင်း တလှည့်၊ ငါးဖျံ တစ်လှည့် ဗုံလုံ တစ်လှည့်၊ သစ်ငုတ် မြင့်တုံ မြက်မြင့်တုံ၊ ထင်းခွေ မကြုံ ရေခပ် ကြုံ၊ ရေစီး တစ်ခါ ရေသာ တစ်လှည့် ဖြစ်သည်။ မည်သည့်အရာမှ တည်မြဲခြင်း မရှိပေ။

            ယနေ့ ကြုံတွေ့ နေရသည် များကို တစ်နေ့ကျရင် အားရပါးရ ပြန်ပြောလိမ့်မည်။

                သင်နှင့် တွေ့သောသူများထံမှ ပညာယူစရာတွေ အမြောက်အများရှိသည်။ သင်ယူတတ်ရင် ရလိမ့်မည်။

                  သင့်စိတ်ထားနဲ့ လုပ်ပုံကိုင်ပုံ မပြောင်းနိုင်သေးသမျှ သင်တွေ့နေကျ အခက်အခဲကို တွေ့နေဦးမည် ဖြစ်သည်။

                    ပထမ ပြီးမြောက်ရ မည်မှာ အတ္တဟိတ ဖြစ်ပြီး။ ဒုတိယ ကျမှ ပရဟိတ ဖြစ်သည်။ ယုံကြည်ချက် သည် အတ္တ ဖြစ်၍ အောင်မြင်မှုသည် ဟိတ ဖြစ်သည်။

                      လောကုတ္တရာ လမ်းတွင် ပထမ ရတနာ သုံးပါးကို ယုံကြည်ရမည်။ ဒုတိယ မိမိကိုယ်မိမိ ယုံကြည်ရမည်။

                        စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်သူ၊ စဉ်းစဉ်းစားစား၊ ဥာဏ်ရှိရှိ၊ အကျိုးနဲ့ အကြောင်းနဲ့ ပြောတတ်တဲ့သူမှာ အားငယ်တဲ့စိတ်မဖြစ်ဘူး။ ဒါ ပညာတစ်မျိုးပဲ။

                          ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစား နေရတဲ့အခါ ဘယ်လို အကြောင်းအရာ ကို ဘယ်လို ရှုထောင့်ကနေ တွေးနေလဲဆိုတာကို သတိထားပြီး ကြည့်တဲ့ အလေ့အကျင့်လေး လုပ်ပါ။ မဖြစ် သေးတာအတွက် ကြိုပြီး မခံစား နေပါနှင့်။

                            သင့်မှာ အရည်အချင်း ကောင်းတွေ အများကြီး ရှိသည်။ နေ့စဉ်ကြိုးစားသွားပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဓာတ်ရော၊ အသိဥာဏ်ရော တိုးတက်လာလိမ့်မည်။

                              စိတ်၏ အရည်အသွေး မြင့်မားလာလျှင် ဘ၀ရဲ့ အရည်အသွေး မြင့်မားလာမည်။ ဘ၀ ဆိုသည်မှာ စိတ်၏ ရောင်ပြန်ဟပ်မှု ဖြစ်သည်။

                                ဘ၀မှာ အဆင်မပြေမှုတွေ တွေ့နေရချိန်မှာ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပါ။ အစား မှန်မှန်စားပါ။ လမ်း မှန်မှန်လျှောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။

                                  နုပျိုတဲ့ နေ့ရက်တွေမှာ သင့်နှလုံးသားက သင့်အားရွှင်လန်းပါစေ။
                                     
                                     
                                     



                                        No comments:

                                        Post a Comment